အပြစ်မရှိတဲ့ အပယ်ခံ

(မရမ်းချောင်အလှူခရီးအတွက် ရည်ရွယ်ပြီးရေးသားခြင်း ဖြစ်ပါတယ်)

လိင်ကိစ္စလိုက်စားသူ HIV ပိုးဝင်ပြီး AIDS ဖြစ်မည်… ၄င်းအပြင် ကာလသားရောဂါ၊ လိင်နဲ့ပတ်သက်သော ရောဂါများဖြစ်မည်… အရက်သောက်သောသူများ အသည်းပျက်၊ အသည်းခြောက်အစရှိသဖြင့် အသည်းနှင့်ဆိုင်သော ရောဂါများဖြစ်မည်… အခန့်မသင့်ပါက အစာအိမ်သွေးကြော ရုတ်တရက်ပေါက်တတ်သည်… ဆေးလိပ်သောက်သူများ အဆုတ်ကင်ဆာဖြစ်မည်… အဆုတ်ကင်ဆာခံစားရသူများ၏ ၉၀% သည် ဆေးလိပ်သောက်သူများဖြစ်သည်… နောက်ထပ်ဆိုးကျိုးအနေဖြင့် ခြေထောက်ဖြတ်ရတတ်သည်… ကွမ်းစားသူများ ကျောက်ကပ်တွင် ကျောက်တည်မည်… အစာအိမ်၊ အသည်း၊ ကျောက်ကပ်၊ ဆီးလမ်းကြောင်းတို့နှင့် ပတ်သက်သောရောဂါများလည်း ခံစားရနိုင်သည်… အဆီအစိမ့်၊ အချိုများ အလွန်အကျွံစားလျှင် နှလုံးနှင့်ပတ်သက်သော ရောဂါများ၊ ဆီးချို၊ သွေးတိုးစသောရောဂါများ ခံစားရမည်… “မည်သူမပြု မိမိမှု”… ကိုယ့်အပြုအမူကြောင့် ကိုယ်ခံစားရခြင်းဖြစ်သည်… ဒီလိုဖြစ်မယ်မှန်းသိရက်နဲ့ မဆင်ခြင်မိပြုမူခဲ့သော မိမိကိုယ်မိမိသာ အပြစ်တင်ရမည်…..

တစ်ခါတစ်လေတော့လည်း လောကကြီးက လူသားတွေကို ကျီစယ်သည်… ကိုယ်မလုပ်ပဲ ခံလိုက်ရတာတွေရှိသည်… လိုအပ်လို့ သွေးသွင်းရာမှ မသန့်သောသွေးကိုသွင်းမိရင်း ဒုက္ခရောက်ရသူများ… မိခင်မှတဆင့် HIV ပိုးကူးစက်ခြင်းခံရသော AIDS ရောဂါသည် လူမမယ်ကလေးများ… မီးဖိုချောင်အတွင်း မှိုတက်နေသော (သို့) ပိုနေ၍ကျန်သော စားစရာများကို နှမြောပြီးမပစ်ရက်ကာ စားရင်း အသည်းကင်ဆာဖြစ်ရသော အိမ်ရှင်မများ… သိပ်ချစ်လွန်းလို့ ယောက်ျားယူမိမှ HIV ကူးစက်ခံရသော အမျိုးသမီးများ… ယောက်ျားကို ချစ်လို့ မနိုင်လို့ မပြောရက်လို့ နေ့တိုင်းဆေးလိပ်ငွေ့ရှူရင်း အဆုတ်ကင်ဆာဖြစ်ရသော အမျိုးသမီးများ… ပြောမည်ဆိုလျှင် ကုန်နိုင်မည်မထင်… သူတို့တစ်တွေမှာ ဘာအပြစ်ရှိပါသနည်း… အပြစ်မရှိသော်လည်း ကံကြမ္မာကငင်လေတော့ ဝေဒနာများ ခံစားကြရသည်… “ဓားခုတ်ရာ လက်ဝင်လျှို”… “မြေနိမ့်ရာလှံစိုက်”… “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”… “ဆွမ်းခံရင်း ငှက်သင့်” အစရှိတဲ့ စကားပုံတွေကလည်း ဘယ်လိုလူမျိုးတွေကို ရည်ရွယ်ပြီး ပြောခဲ့မှန်းမသိပေမယ့် တစ်ခါတစ်လေ အမှန်တကယ် ထိရောက်သော စကားပုံများဖြစ်သည်… (ကျွန်တော်တို့ ဘ၀များတွင်ပင် ဒီစကားပုံများနဲ့ တိုက်ဆိုင်သော အဖြစ်အပျက်များလည်း အများအပြားဖြစ်သည်…)

ဒီလို မမျှော်လင့်ပဲ အဖြစ်ဆိုးများကြုံရသူများတွင် Leprosy (အနာကြီး) ရောဂါ ဝေဒနာသည်များလည်း ထိပ်ဆုံးက ပါဝင်ခဲ့သည်… သူတို့၏ ကာယကံမှု မပါရပါပဲနှင့် ရောဂါရှိနေသူထံမှ သူတို့ဆီသို့ မတော်တဆ ရောဂါကူးစက်ခံကြရရင်း… ဝေဒနာရှင်များဖြစ်လာခဲ့ကြရ၏… (တစ်ဦးနှင့်တစ်ဦး ထိမိလျှင်ပင် ကူးစက်သော ရောဂါဖြစ်သည်)…. တွေးကြည့်မည်ဆိုလျှင် မမျှော်လင့်ပဲ ကံဆိုးသူများပင်…..
ရောဂါတစ်ခုကိုခံစားရလျှင် အဆိုပါရောဂါနှင့် သက်ဆိုင်သော ရောဂါလက္ခဏာများကိုသာ ဝေဒနာရှင်တို့ခံစားကြရသည်… အခုအနာကြီးရောဂါ ဝေဒနာရှင်များတွင်မူကား… ရောဂါ၏ နှိပ်စက်မှုကို ရင်စီးခံရသကဲ့သို့ နောက်ထပ်ရောဂါတစ်မျိုးကိုပါ ထပ်တိုးခံစားရ၏… “မိအေး နှစ်ခါနာ” ဆိုသည့်အတိုင်းပင်… အနာကြီး (Leprosy) ဆိုတဲ့ ရောဂါအပြင်… စိတ်ဝေဒနာကိုပါ ခံစားကြရသည်… ရောဂါတကာ့ ရောဂါများထဲတွင် အနာကြီးရောဂါသည်ကား… လူအများ မသတီဆုံး အပစ်ပယ်ဆုံးရောဂါဖြစ်သည်… လူတစ်ယောက်ကို လူအများက လူတစ်ယောက်ကဲ့သို့ မဆက်ဆံကြတော့… ဝေဒနာ၏ နောက်ဆက်တွဲအဖြစ် ရောဂါပျောက်သွားလင့်စကား… ကိုယ်လက်အင်္ဂါများ မစုံလင်တော့… ထို့ကြောင့်လည်း လူကောင်းတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်မှုမလုပ်နိုင်ကြတော့… လူရာမ၀င်တော့… ဒီတော့ ဝေဒနာရှင်များကို လူအများက သီးသန့်နာမည်ပင် ပေးထားလိုက်သေးသည်… “အနူ” တဲ့…

လူဆိုတဲ့ သတ္တ၀ါဆိုတာက ခက်တော့လည်းခက်သား… ဝေဒနာရှင်တစ်ယောက်ကို အနူဟုသတ်မှတ်လိုက်ကြပြီဆိုလျှင် ထိုလူနာ၏ ဘ၀ကား၎င်း၏ ပတ်ဝန်းကျင်တွင် ရစရာမရှိတော့… အဲဒီအနူကလေ ဘယ်လို… အဲဒီအနူကလေ သိလား… အစရှိသဖြင့် အဖော်ညှိစရာ၊ တိုင်ပင်စရာမလို အားလုံးတစ်ညီတစ်ညွတ်တည်း ၀ိုင်းပြီးတော့ မသတီစွာ ပစ်ပယ်ထားလိုက်သည်… ကွင်းကွင်းကွက်ကွက် ရှောင်ရှားကြသည်… ကင်းကင်းရှင်းရှင်း နေကြသည်… နောက်ဆုံး သူတို့ဘာလုပ်လုပ် ပတ်ဝန်းကျင်က အပြစ်လုပ်သည်ဟုသာ မြင်လာသည်… အကောင်းမြင်ဖို့ မစဉ်းစားကြတော့… နောက်ဆုံး ကိုယ့်အိမ်ထဲ ကိုယ်နေနေတာတောင် အပြစ်ဖြစ်လာသည်… ဒီတော့ ဝေဒနာရှင်တွေအဖို့ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဆုံးရှုံးလိုက်ရသည့် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများအပြင်… အလိုလိုနေရင်း အားငယ်မှု၊ သိမ်ငယ်မှုစသော စိတ်ဝေဒနာများပါ ၀င်လာသည်… ထိုသို့သော ရုပ်ဝေဒနာနဲ့ စိတ်ဝေဒနာတို့တွင် စိတ်ဝေဒနာက ပို၍ခံစားရသည်… ပို၍ဖိစီးနှိပ်စက်သည်… အချိန်ကာလကြာသောအခါ သူတို့ဘ၀တွင် အရာရာကို စိုးရွံ့လာကြသည်… သိမ်ငယ်လာသည်… သူတို့နေထိုင်စရာ ကမ္ဘာမြေက သူတို့အတွက် ပို၍ ပို၍ ကျဉ်းမြောင်းလာသည်… ဒီတော့ အနူဘ၀ နှင့် အနာကြီးရောဂါဆိုတာက လူရာမ၀င်သော ဘ၀၊ လူရာမ၀င်သော ရောဂါဖြစ်လာသည်…

ဒီလိုဖြစ်ရသည်ကလည်း အနာကြီးရောဂါ (Leprosy) စတင်ဖြစ်ပေါ်ခဲ့သော ၁၈ ရာစုဝန်းကျင်သည် ယခုမျက်မှောက်ခေတ်ကာလနှင့် နှိုင်းယှဉ်ပါက အစစအရာအရာ တိုးတက်မှုများစွာ နောက်ကျခဲ့သောကြောင့်ဖြစ်သည်… ရောဂါတစ်ခုဖြစ်လာလျှင် ကျွမ်းကျင်သူ ဆရာဝန်များနှင့် သေသေချာချာ ကုသရကောင်းမှန်းမသိ… လူတို့၏စိတ်ထဲတွင် ထားရှိသော အရှက်တရားကလည်း တော်တော်ကြီးခဲ့ကြသည်… ဒီတော့ အနာကြီးရောဂါ (Leprosy) ဖြစ်ပြီဆိုလျှင် အသိပညာနည်းပါးသည်က တစ်ကြောင်း၊ အရှက်အကြောက်ကြီးနေသည်က တစ်ကြောင်း… ရောဂါကို ထိထိရောက်ရောက်မကုသပဲ… မိမိတို့အိမ်တွင်သာ ဆေးမြီတိုများ ကြားဖူးနားဝများနှင့် ကျိတ်၍ကုသကြသည်… ဒီတော့ ရောဂါ၏နောက်ဆက်တွဲအဖြစ် ကိုယ်အင်္ဂါချွတ်ယွင်းသွားသည့် အဆင့်အထိ ရောက်ကုန်ကြသည်… မိမိအိမ်တွင် မိမိ၏ အဖေ(သို့) အမေ၊ သား (သို့) သမီး ဒီလိုရောဂါခံစားနေရလျှင် ပစ်ပယ်ထားလိုသည့် သားသမီး၊ မိဘ အဘယ်မှာရှိသနည်း… ဒီလိုနဲ့ ဝေဒနာရှင်ကို ပြုစုယုယမှုတွေပေးရင်း... နောက်ဆုံး တစ်အိမ်သားလုံးသို့ ရောဂါကူးစက်ကာ ရောဂါသည်တွေဖြစ်ကုန်ကြသည်… အဆိုးဆုံးအဖြစ် သူတို့ရောဂါရှိကြောင်း ရပ်သိရွာသိဖြစ်ကာ သူတို့၏ဘ၀များ မြောင်းထဲသို့ရောက်ရသည်…

ဆရာဝန်မဟုတ်သော သာမာန်လူအများပင်မပြောနှင့်… ဒီလို အနာကြီးရောဂါ (Leprosy) အကြောင်းကို သေသေချာချာ တိတိကျကျနားလည်ပါသည်ဆိုသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများပင် အနာကြီးရောဂါသည်ဟု မြင်ရအသံကြားရလျှင် နှာခေါင်းရှုံ့ကြသည်… မတူသလိုမတန်သလိုတွေ ဆက်ဆံကြသည်… ဒီတော့ အနာကြီးရောဂါသည်များအဖို့ အိမ်မှထွက်လာ၍ ဆေးရုံမှာကုသမှု လာရောက်ခံယူသော်ငြားလည်း လူနာများအဖြစ် တန်းတူလူရာအသွင်းမခံရပဲ… ဆဲဆိုခံရခြင်း နှိမ့်ချပြောဆိုခံရခြင်း၊ ဖြစ်သလိုလုပ်ပေးခံရခြင်းများ ကြုံတွေ့ရသည်… သူတို့သည် ဆေးရုံများတွင် ရောဂါပျောက်ရေး ရှေးရှုကာ အနွံတာခံ စနစ်တကျ သေသေချာချာကုသပြီး နောက်ဆုံးပျောက်ကင်းကာ ရောဂါပိုးလုံးဝမရှိတော့သော်လည်း… ရောဂါဖြစ်စဉ်က ဖြစ်ပျက်ခဲ့သော ကိုယ်အင်္ဂါချွတ်ယွင်းချက်များတော့ ရှိနေကြသည်… ဒါကို လူအများက ရောဂါသည်အဖြစ်သာ ဆက်လက်သတ်မှတ်ပြီး အနူစာရင်း၌ပင်သွင်းထားကြသည်… ဒီတော့ ဝေဒနာရှင်များအဖို့ တစ်ကြိမ်တစ်ခါ ရောဂါဖြစ်ဖူးရုံနှင့် တစ်သက်လုံး အနာကြီးရောဂါဘ၀ (သို့) အနူဘ၀သို့ ထာဝရ ရောက်ရှိသွားရတော့သည်… ဒီတော့ ဆေးရုံကအပြန်တွင် မိမိ၏ ပတ်ဝန်းကျင်သို့ပြန်ဝင်ရန် အင်မတန်ခဲယဉ်းသွားသည်… (ဝေဒနာရှင်များ ကိုယ်တိုင်ကလည်း ပြန်ဝင်လိုစိတ်မရှိကြ…)

ရောဂါသည်အချင်းချင်း အတူတူနေကြရသည်က ဘ၀တွင် စိတ်သက်သာမှု ပိုမိုရကြသည်… ဒါပေမယ့် ဆေးရုံကဆင်းတော့ သွားစရာနေရာမရှိတော့… အသက်ကြီးသူက ဘိုးဘွားရိပ်သာများသို့ သွား၍မရ… အသက်ငယ်သူများကလည်း လူငယ်စောင့်ရှောက်ရေးစခန်းများသို့ ၀င်ခွင့်မရှိ… ဒီတော့ လမ်းပေါ်တွင် ဖြစ်သလိုနေ၍ ကြုံသလိုစားရသော ဘ၀သို့ရောက်ကြရသည်… ယခင် ရပ်ကွက်ထဲနေစဉ် သမာအာဇီဝအလုပ်များကို လုပ်ကိုင်ခဲ့သော်ငြားလည်း… ပတ်ဝန်းကျင်မှ အနူရောင်းတဲ့အစားအစာ၊ အနူရောင်းတဲ့ပစ္စည်း၊ အနူကလုပ်ပေးတဲ့အလုပ်ဟုဆိုကာ မခံယူလို၊ မ၀ယ်လိုပဲ ပစ်ပယ်ထားသည်… ဒီတော့ သူတို့အဖို့ အလုပ်လုပ်သည်ဆိုသော စကားသာကျန်သည်… လက်တွေ့မှာတော့ ဘာမှလုပ်ကိုင်စားသောက်၍မရခဲ့… ဒီတော့ လေလွင့်သူများဖြစ်လာသည်… သူတို့အတွက် စောင့်ရှောက်သောနေရာမရှိ၊ နေထိုင်ရန် စခန်းမရှိ၊ ရိပ်သာမရှိ… စောင့်ရှောက်ရန်လိုအပ်နေသော်လည်း စောင့်ရှောက်သူ၊ ကူညီသူ၊ လှူဒါန်းသူများနည်းပါးကြသည်… ဒီတော့ သူတို့ရဲ့ဘ၀တွေက ခိုကိုးရာမဲ့ခဲ့ကြသည်… ဒီတော့ သူတို့ဘ၀လွတ်မြောက်အောင် ရုန်းကန်ဖို့ အင်အားမရှိကြတော့… အင်အားရှိသော ဘ၀ကိုလည်း မပိုင်ဆိုင်နိုင်ကြတော့ပဲ… အကြင်နာနှင့် ဘ၀ရှင်သန်ရေးကို အသနားခံ တောင်းယူရသောဘ၀များသို့ ရောက်မှန်းမသိရောက်ခဲ့ရသည်… လူမဟုတ်တော့တဲ့ လူထဲကလူများဘ၀… ပန်ဒိုရာသေတ္တာထဲမှာ မျှော်လင့်ခြင်းဆိုတဲ့ အရာလေးတစ်ခု မထွက်သွားပဲကျန်နေလို့ လူတွေအသက်ရှင်နေကြတာဆိုတဲ့ စကားက သူတို့အတွက်တော့ ဇာတ်ခုန်ပေါ်တွင် လူပျက်များပြောသွားသော ပျက်လုံးများလောက်ပင် တန်ဖိုးမရှိ… တစ်ချို့က ကိုယ့်ဘ၀ကို ရင်နာလွန်း၍ သတ်သေချင်ပါသည်ဆိုလျှင်တောင် သေဖို့အတွက် အခွင့်အရေးမရှိ... “ကျွန်တော်တို့မှာ လက်မှမရှိတော့ပဲဗျာ”တဲ့… ဒီတော့ ရက်စက်လွန်းသည့် လောကဓံကြီးကို ကြံကြံခံ ခံစားကြရသည်… အသက်ရှင်ဖို့တစ်ခုအတွက် ကြိုးစားနေထိုင်ကြရသည်...

အခုတော့ အနာကြီးရောဂါသည် ပြန်လည်ထူထောင်ရေးစခန်းများ၊ ပရဟိတ ဂေဟာများ၊ သီးသန့်နေရာများ မြန်မာနိုင်ငံတွင်ရှိခဲ့ပြီ… ဟုတ်ပါသည်… ရှိခဲ့ပါပြီ… ရောဂါသည်လည်း အလွယ်တကူ ကုသပျောက်ကင်းသော ရောဂါဖြစ်နေပြီ… ရောဂါလက္ခဏာပေါ်ပြီဆိုလျှင်
မရှက်မကြောက်ပဲ ရဲရဲဝင့်ဝင့်ကု၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ မချွတ်ယွင်းမှီကုဖို့ပဲ လိုပါသည်… မြန်မာပြည်တွင် ၂၀၀၀ ပြည့်နှစ်မှစ၍ ရောဂါထပ်မံဖြစ်ပွားမှုမရှိတော့ကြောင်း၊ ရောဂါ ကင်းစင်ကြောင်း ကြေညာချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါသည်… ခက်နေသည်က ရှက်ရွံ့ကြောက်လန့်သူကလည်း ရှက်ကြောက်မြဲ… ၀ိုင်းပယ်နှိမ့်ချသူများကလည်း ပစ်ပယ်ထားမြဲနေခြင်းပင်… အနာကြီးရောဂါဆိုတာ လော်လီဖောက်ပြား၍ ရောဂါရခြင်း၊ အနေအထိုင်မတတ်၍ ရောဂါရခြင်း မဟုတ်ပါ… ရောဂါသည် မိဘများကိုပြုစုရင်းကူးစက်ခြင်း၊ ရောဂါသည်မိဘမှ မွေးဖွားလာ၍ ရောဂါသည်ဖြစ်ရခြင်း၊ ပတ်ဝန်းကျင်မှ မမျှော်လင့်ပဲကူးစက်ခြင်းတို့ကြောင့်သာ ဖြစ်ရခြင်းဖြစ်သည်… ဝေဒနာရှင်များသည် အပြစ်ကင်းကြသည်… ရှေးအတိတ်က မကောင်းမှုအပြစ်ကံကို ယခုဘ၀တွင် ခံစားနေကြရခြင်းသက်သက်သာဖြစ်သည်… ဒါကလည်း ဒီလိုတွေးမှ ဒီလိုခံစားရမှာပါ... ကံမကောင်းတော့လည်း အကြောင်းဘယ်လှတော့မည်နည်း...

(အပေါ်စာပိုဒ်တွေကို ဖတ်ချင်သလိုဖတ်ခဲ့ပါ… မမှတ်မိချင်နေပါ... ဒါပေမယ့် ဒီနေရာကနေပြီး စိတ်ပါလက်ပါ ဂရုတစိုက်သေသေချာချာဖတ်ပါ… ပြီးရင် မှတ်မိအောင်မှတ်ထားပါ...)

ဒီတော့ ယခုအနာကြီးရောဂါသည်များတွင် အလိုအပ်ဆုံးသောအရာသည်ကား ဆေးဝါးနှင့် စနစ်တကျ ပျောက်ကင်းအောင် ကုသခြင်းမဟုတ်… (ရောဂါကပျောက်နေပြီဖြစ်သည်… ကူးစက်သည့်အဆင့်၊ ဝေဒနာခံစားရသည့်အဆင့်တွင်လုံးဝမရှိတော့…) အမှန်တကယ် အလိုအပ်ဆုံးအရာက သူတို့ကို လူရာသွင်းပြီး အကြင်နာမေတ္တာတရား အပြည့်နှင့်ပြောသော စကားလုံးများ၊ ဖေးမထိတွေ့ပေးမည့် နွေးထွေးသော လက်များပင်ဖြစ်သည်… သူတို့ကို စကားလေးတွေပြော… လက်ကလေးများနှင့် ထိပေးရုံနှင့် သူတို့စိတ်ထဲတွင် ရောဂါက လုံးဝနီးပါးပျောက်ကင်းသွားသကဲ့သို့ ခံစားကြရသည်… သူတို့လက်ကလေးများကို ကျွန်တော်တို့လက်ကလေးများနှင့် တစ်ချက်ဆုပ်ကိုင်ပေးရုံနဲ့ သူတို့ဘ၀ လူဖြစ်ရကျိုးနပ်ပြီဟု ထင်မှတ်ကြသူများဖြစ်သည်… ရောဂါသည်များသည် အကြင်နာတရား နှင့် မေတ္တာတရား ငတ်မွတ်ခေါင်းပါးနေကြသူများဖြစ်သည်… သူတို့တစ်တွေ လိုအပ်နေသော အကြင်နာတရား နှင့် မေတ္တာတရားဆိုတာကလည်း ဈေးကြီးပေး၍ နိုင်ငံခြားမှ တစ်ကူးတစ်က တင်သွင်းယူရသော ပစ္စည်းမဟုတ်… လူသားဆန်သောသူများ၏ ရင်ထဲတွင် ရှိနှင့်နေပြီးသားဖြစ်သည်… အကြင်နာမေတ္တာများကို မိမိတို့တိုးပွားယူရင် တိုးပွားယူလောက် စိတ်ထဲ နှလုံးထဲတွင် ထွက်ပေါ်လာမည်သာဖြစ်သည်…

တစ်ကယ်တော့ အခုမရမ်းချောင်အလှူခရီးဟာ စိတ်ဓါတ်အခံဖြူစင်တဲ့လူငယ်တွေနဲ့ ရောဂါသည်တွေကြား နားလည်မှု၊ ကြင်နာမှု၊ ကြည်နူးမှုတွေ လဲလှယ်ခွင့်ရမည့် နေရာတစ်ခု၊ ခရီးတစ်ခုဖြစ်သည်… အကြင်နာမေတ္တာတရားတွေ ဖြန့်ကျက်အုပ်မိုးပေးရမည့် နေရာဖြစ်သည်… ဒီနေရာမှာစကားလေးတစ်ခွန်းကို သတိတရပြောချင်သည်… မာသာထရီဇာပြောခဲ့သော စကားလေးဖြစ်သည်… “သေးငယ်သောအရာများကအစ ကြီးမာတဲ့မေတ္တာနဲ့လုပ်ဆောင်ပါ... သင်ဘယ်လောက်အထိ လုပ်ခဲ့လဲဆိုတာထက်... သင်လုပ်ခဲ့တဲ့အရာမှာ... မေတ္တာဘယ်လောက်ပါသလဲ ဆိုတာက ပိုပြီးအရေးကြီးပါတယ်”... တစိမ့်စိမ့်တွေးလေ အဓိပ္ပါယ်ရှိလေဖြစ်သော... စကားလေးဖြစ်သည်... အခု ကျွန်တော် တကယ်ပြောချင်သော ရင်ထဲက စကားလုံးများကိုပြောတော့မည်...

စည်သူထွန်း@နိုင်စစ်သွေးက ဇွန်လ ၆ ရက်နေ့ တွေ့ဆုံပွဲလေးမှာ “မိမိကိုယ်ကို စိတ်ခိုင်မှ၊ ဝေဒနာသည်တွေရဲ့ ပကတိအသွင်အပြင်ကို လက်ခံနားလည်ပေးနိုင်မှ လိုက်စေချင်တယ်… မိမိတို့အပြုအမူကြောင့် သူတို့တွေရဲ့ စိတ်တွေအနှောက်အယှက် မဖြစ်စေလိုဘူး…” လို့ ကြိုတင်ပန်ကြားထားပါတယ်… သူပြောတာအရမ်းနုပြီးပျော့နေပါတယ်… ကျွန်တော်က ပြင်းပြင်းထန်ထန်ပြောပါမယ်… ဒီတော့ ကျွန်တော်က ကြိုတင်ပြီးတောင်းပန်ပါတယ်… အခုအလှူမှာ အလှူငွေများ စေတနာ သဒ္ဒါတရားနည်းများမဆို လှူဒါန်းသူများအတွက် ထွေထွေထူးထူး မပြောမရှိပါဘူး… ပြောစရာလည်းမလိုပါဘူး… ဒါပေမယ့် အလှူခရီးကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါမယ်ဆိုရင် ဒီစကားတွေကို ပြောရပါမယ်… ပြီးရင် ကျွန်တော့်ရဲ့ အခုစကားတွေကို ရင်ထဲမှာထည့်ထားပေးပါ… အခုသွားမယ့်နေရာက ခင်ဗျားတို့နဲ့ ကျွန်တော်တို့တစ်တွေ တွင်တွင်အသုံးပြုခဲ့ပေမယ့် လူတစ်ချို့အတွက် ခါးသီးလွန်းနေတာကို လုံးဝသတိမပြုခဲ့ပဲ ပြောကြတဲ့စကားလုံးဖြစ်တဲ့ “အနူ” ဆိုတဲ့စကားလုံး… ဟုတ်ပါတယ်… အဲဒီ အနူများ နေထိုင်မှီခိုရာနေရာတစ်ခုကို Save The Aged အဖွဲ့လေးက စေတနာ သဒ္ဒါတရားသန့်သန့်နဲ့ သွားလှူကြမှာဖြစ်ပါတယ်… ဒီတော့ ဒီအလှူကို လိုက်ဖြစ်ခဲ့ပြီဆိုပါဆို့…

ပထမဆုံးနဲ့ အရေးကြီးဆုံးမှတ်ထားရမှာက သူတို့ဟာ လုံးဝ(လုံးဝ) ကူးစက်နိုင်တဲ့အဆင့်မှာ ရှိမနေတော့ပါဘူး… ဒါပေမယ့် Leprosy လို့ခေါ်တဲ့ အနာကြီးရောဂါဖြစ်စေတဲ့ ရောဂါပိုးရဲ့ ဆိုးကျိုးအဖြစ် ခြေဆစ်လက်ဆစ်တွေ ပြုတ်ကျပြီး ခြေငုံးတိ၊ လက်တုံးတိတော့ ဖြစ်ကျန်နေခဲ့ပါတယ်… ဒီတော့ ဝေဒနာသည်တွေရဲ့ ဒီလိုမြင်ကွင်းတွေကို ကြုံရမြင်ရမှာ အသေအချာပဲဆိုတာ သိထားပါ… ဟိုရောက်တော့မှ ရွံရှာစက်ဆုပ်ပြနေလို့ လုံးဝမရပါဘူး… လိုအပ်ရင် သူတို့ကို ထိတွေ့ကိုင်တွယ်ရပါမယ်… ရောဂါကတော့ လုံးဝမကူးဘူးနော်… စိတ်လုံလုံ၊ လိပ်ပြာသန့်သန့်လေးနဲ့ မေတ္တာတရားအပြည့်ရှိနေဖို့ပဲလိုတာ… ဒီတော့ အစကတည်းက မလုပ်နိုင်ဘူးထင်ရင် လိုက်မလာပါနဲ့… မသကာ ကံဆိုးလွန်းလို့ကူးရင်ရော… ဘာဖြစ်သေးလဲဗျာ… ကုမရတဲ့ AIDS ရောဂါမှမဟုတ်ပဲ… ကုလို့ပျောက်နေတာပဲ… အချိန်မှကုကြတာပေါ့… ကောင်းမှုကုသိုလ်လုပ်တဲ့လူတွေဟာ ဘယ်တော့မှ ဒုက္ခမရောက်ပါဘူး… ဒါကို စိတ်မှာယုံကြည်ထားပါ… မာသာထရီဆာပြောခဲ့တဲ့ စကားလုံးတွေကို သတိရနေပါ… ကျွန်တော်ခုနက ပြောထားတဲ့စကားတွေကို ထပ်ပြောပါဦးမယ်… “ယခုအနာကြီးရောဂါသည်များတွင် အလိုအပ်ဆုံးသောအရာသည်ကား သူတို့ကို လူရာသွင်းပြီး အကြင်နာမေတ္တာတရား အပြည့်နှင့်ပြောသော စကားလုံးများ၊ ဖေးမထိတွေ့ပေးမည့် နွေးထွေးသော လက်များပင်ဖြစ်သည်… သူတို့ကို စကားလေးတွေပြော… လက်ကလေးများနှင့် ထိပေးရုံနှင့် သူတို့စိတ်ထဲတွင် ရောဂါက လုံးဝနီးပါးပျောက်ကင်းသွားသကဲ့သို့ ခံစားကြရသည်… သူတို့လက်ကလေးများကို ကျွန်တော်တို့လက်ကလေးများနှင့် တစ်ချက်ဆုပ်ကိုင်ပေးရုံနဲ့ သူတို့ဘ၀ လူဖြစ်ရကျိုးနပ်ပြီဟု ထင်မှတ်ကြသူများဖြစ်သည်…” ဟုတ်ပြီနော်… ဒီတော့လိုက်ချင်ရင်လိုက်ခဲ့ပါ… စိတ်ပါလက်ပါ တကယ်လုပ်နိုင်တယ်ဆိုမှလိုက်ပါ… ဝေဒနာရှင်တွေကို လုံးဝမစော်ကားမိပါစေနဲ့… မျက်လုံးလေးနဲ့တောင် မှားပြီးအထင်သေးကြည့် စက်ဆုပ်တဲ့အကြည့် မကြည့်မိပါစေနဲ့… လိုက်ချင်လွန်းလို့ လိုက်ခဲ့ရင်လည်း ရောက်ခါမှ လိပ်ပြာမလုံဘူးဆိုရင် ကားပေါ်မှာ ကျန်နေခဲ့လို့ ရပါသေးတယ်...

ဘာကြောင့်ဒါတွေပြောနေရပါသလဲ… ကျွန်တော့်အဖြေက ရှင်းရှင်းလေးပါ… ကျွန်တော်တို့ လုပ်တဲ့အလှူဒါနဟာ အဲဒီနေရာကလူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ ထာဝရစွဲကျန်နေမယ့် ပြီးပြည့်စုံပြီး ထူးခြားကောင်းမွန်တဲ့ အလှူလေးဖြစ်စေချင်လို့ပါ… Save The Aged အဖွဲ့အလှူလေးကို သူတို့သားသမီးမြေးမြစ်တွေတိုင်အောင် တကူးတက ပြောယူရတဲ့အထိ သူတို့စိတ်မှာ ကျန်ရစ်စေချင်လို့ပါ… ဥပမာလေးတွေ ကျွန်တော်ပြောပြပါမယ်… ရွာလမ်းမအသစ်ကြီးဖောက်ပေးပေမယ့် ဖုန်ထလို့ နေ့စဉ် ရွာသားတွေရဲ့ အပြောခံနေရတာ… အိမ်ကလေးတစ်အိမ်ရဲ့ရှေ့မှာ ခိုင်ခံ့တဲ့ တံတားလေးထိုးပေးပြီး အဲဒီအိမ်သူအိမ်သား လူအနည်းစုရဲ့ ကျေးဇူးတင်ခြင်းကို နေ့တိုင်းခံယူရတာ… အဲဒီနှစ်ခုမှာ ဘယ်ဟာက ပိုကောင်းမယ်ထင်ပါသလဲ… နောက်ထပ်ဥပမာတစ်ခုကိုပြောပါမယ်… “တံပိုးမှုတ်သံကြားတိုင်း အောင်ပွဲခရာလို့ မထင်လိုက်ကြပါနဲ့... အဲဒီ တံပိုးသံမှာ မျက်ရည်တွေ ဘယ်လောက်အထိတောင် ပါလာနိုင်သလဲဆိုတာ ခင်ဗျားတို့စာနာဖူးလို့လား...” ဒီလိုပဲပေါ့… ကျွန်တော်တို့အလှူအတွက် ကျွန်တော်တို့က ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နေချိန်မှာ… ကျွန်တော်တို့ရဲ ဘာမှဟုတ်တဲ့ အပြုအမူလေးကြောင့် ဝေဒနာရှင်တွေရဲ့ မျက်ဝန်းမှာဖြစ်ဖြစ် ရင်ထဲမှာဖြစ်ဖြစ် မျက်ရည်ကျပြီး ကျန်နေခဲ့ရမယ်ဆိုရင်… ကျွန်တော်တို့တစ်တွေဟာ… (ဆက်တွေးပါ… လူတိုင်းမှာတွေးတောနိုင်တဲ့ ဦးနှောက်တစ်စုံနဲ့ ခံစားတတ်တဲ့ ၀ဲဘက်ရင်အုံတစ်ခုတော့ ပါပါတယ်… ဒီတော့ သေသေချာချာဆက်တွေးလိုက်ပါ…..)

ကျွန်တော်တို့အဖွဲ့အလှူခရီးမှာ လိုက်မယ့်သူ တစ်ယောက်တည်းရှိနေခဲ့ရင်လည်း… အဲဒီတစ်ယောက်တည်းသူကတော့ မရမ်းချောင်ထိ အရောက်သွားလှူဦးမှာ အသေအချာပါပဲ… ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က တစ်ပွင့်တည်းနဲ့တောင် ဝေပြနေဦးမှာလေ... ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဆန္ဒပြင်းအားနဲ့ အရာအားလုံးကိုလင်းပြချင်တဲ့လူငယ်တွေ၊ မှောင်မိုက်နေတဲ့ လူတွေကို အလင်းရောင်ပေးချင်တဲ့ လူငယ်တွေလေ... အဲဒီ့နေ့မှာ
တိမ်တွေတောက်မတောက်တော့ ကျွန်တော်မသိဘူး… ဒါပေမယ့် ကျွန်တော်သိတာ ကျွန်တော်ဖြစ်ချင်တာက ကျွန်တော်တို့ပြန်သွားတဲ့အချိန်မှာ မရမ်းချောင်က လူတိုင်းရဲ့ရင်ထဲမှာတော့ ပီတိမီးလျှံတွေ ထာဝရတောက်ပြီး ကျန်နေခဲ့စေရမယ်… ဒီလောက်ပါပဲ... နောက်ပြီးတော့ မရမ်းချောင်က လူတွေရဲ့ရင်ထဲမှာ ဖြည့်ပေးဖို့လိုနေတဲ့ ကွက်လပ်လေးတစ်ခုရှိနေပါတယ်… အဲဒီလိုနေတဲ့ ကွက်လပ်လေးထဲမှာ ဖြည့်ပေးရမှာက မေတ္တာအကြင်နာတရားပါ… ဒါကို ကျွန်တော်တို့ Save The Aged အဖွဲ့သားတွေက ဖြည့်ပါမယ်… ဒီလိုဖြည့်နိုင်ဖို့အတွက် သူတို့တစ်တွေရဲ့ နိမ့်ပါးတဲ့ဘ၀ကို ကျွန်တော်တို့ဘ၀အဖြစ် အချိန်တခဏလေး သေသေချာချာခံယူပြီး နှလုံးသားထဲက ဂရုဏာပြည့်ဝတဲ့ အကြင်နာမေတ္တာတရားကို စင်စင်ကြယ်ကြယ် ဖြူဖြူစင်စင်နဲ့ သူတို့ရဲ့ ကွက်လပ်ထဲကို ဖြည့်ပါမယ်… အဲဒီတခဏမှာ ကျွန်တော်တို့ဟာ သူတို့နဲ့ဘ၀တူတွေ အဖြစ်နေပေးလိုက်ကြမယ်… သူတို့ရဲ့ အသက်အရွယ်ပေါ်မူတည်ပြီး သူတို့ မြေးတွေဖြစ်မယ်၊ တကယ်မဟုတ်တောင် အငှားသားသမီးတွေဖြစ်မယ်… ဒီလိုမှမဟုတ်ရင် ညီအစ်ကိုမောင်နှမတွေဖြစ်မယ်၊ မိဘအရင်းမဟုတ်တောင် အငှားမိဘတွေဖြစ်မယ်… သူတို့ကို လူဖြစ်ရတဲ့ အဓိပ္ပါယ်နဲ့ အနှစ်သာရကို ကျွန်တော်တို့က ပေးစွမ်းကြမယ်… သူတို့အတွက် သူတို့စိတ်ကူးထဲမှာ… ကျွန်တော်တို့ရှိနေတဲ့အချိန်တခဏလေးဟာ အေးမြတဲ့ဆောင်းရာသီဖြစ်ချင်ဖြစ်နေမယ်… ပျော်စရာပွဲတော်တစ်ခုဖြစ်ချင်ဖြစ်နေမယ်… သာယာလှပတဲ့ကမ်းခြေဖြစ်ချင်ဖြစ်နေမယ်… ပြီးပြည့်စုံတဲ့ကာလတစ်ခုလဲဖြစ်ချင်ဖြစ်နေမယ်… အဲဒီလိုဖြစ်သွားစေဖို့အတွက် ဂုဏ်ဓနတွေမလိုဘူး… ငွေကြေးမလိုဘူး… မာန်မာနတွေမလိုဘူး… လူအုပ်အများကြီးလည်းမလိုဘူး… တကယ်တမ်းလိုတာက အခုကျွန်တော်ပြောတာတွေကို သေချာသဘောပေါက်နားလည်ပြီး တကယ့်လက်တွေ့၊ တကယ့်အချိန်မှာ သူတို့တစ်တွေကို နွေးထွေးစင်ကြယ်လှပတဲ့ မေတ္တာတရားကိုပေးနိုင်မယ့် လူငယ်တွေပဲဖြစ်တယ်…..

ကဲ… ဒီတော့ ကျွန်တော့်ပြောသလိုလေဖြစ်သွားစေဖို့ သူတို့နဲ့ ရင်းရင်းနှီးနှီးထိတွေ့ရမယ်… သေချာပေါက် ကိုင်တွယ်ဆက်ဆံရမယ်… ဒီတော့ ဒါမျိုးတွေမလုပ်နိုင်ရင် လုံးဝ (လုံးဝ) လိုက်မလာပါနဲ့… သင့်ကို ကျွန်တော်က Save The Aged အဖွဲ့ကိုယ်စား မဖိတ်ခေါ်ပါဘူး… တစ်ခြားတစ်ခြား လစဉ်အလှူခရီးစဉ်တွေရှိပါသေးတယ်… စိတ်ဓါတ်ပြတ်ပြတ်သားသားနဲ့ ကျွန်တော်ပြောသလို နေနိုင်မယ် ဆင်ခြင်မယ် ကိုယ်တွယ်ဆက်ဆံပေးမယ်ဆိုရင် လိုက်ခဲ့ပါ… လေးလေးစားစားနဲ့ အသိအမှတ်ပြုကြိုဆိုပါတယ်… တစ်ချိန်ကျရင် သင်ဟာ သင့်မျိုးဆက်တွေကို ၀င့်ဝင့်ကြွားကြွားနဲ့ပြန်ပြောနိုင်မှာတော့ ဒီခရီးက သေချာစေမှာပါ...

ကျွန်တော်ဝန်ခံချင်တာလေးတစ်ခုကတော့ ဒီ Blog Post လေးကို ဆရာချစ်စံဝင်းရေးတဲ့ နှလုံးသား သတ္တိဆိုတဲ့ စာအုပ်လေးက ဒေါက်တာမြတ်သီတာဆိုတဲ့ ၀တ္ထုတိုလေးကိုဖတ်ရင်း ရေးဖြစ်ခဲ့ပါတယ်... အနာကြီးရောဂါသည်တွေရဲ့ဘ၀ကို ဖော်ကျူးတဲ့ စာကြောင်းတွေက အဆိုပါ ၀တ္ထုတိုလေးမှာပါတဲ့ စာသားလေးတွေကို မှီငြမ်းရေးသားပါတယ်...

ဟုတ်ကဲ့ပါ... ကျွန်တော်တို့ ဇွန်လ ၂၀ ရက်နေ့မှာ မရမ်းချောင် အနာကြီးရောဂါသည်စခန်းကို သွားပြီးတော့ အလှူဒါနလေးတွေပြုပါမယ်… စုရပ် ထွက်မယ့်အချိန် လှူဒါန်းနိုင်သည့် ပစ္စည်းတို့ကို ဒီရက်ပိုင်းမှာ အသေးစိပ်ကြော်ငြာပေးပါမယ်… အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ…..

May Your Dream Come True ASAP

(ရောဂါသည်တွေရဲ့ ပုံတွေကြိုကြည့်ချင်တယ်ဆိုရင် www.google.com မှာ ဘယ်ဘက်အပေါ်ထောင့်က Tab တွေထဲက Image ဆိုတာကိုအရင်ရွေးပါ… ပြီးရင် Search Bar မှာ Leprosy လို့ရိုက်ထည့်လိုက်ပါ… ပုံတွေပေါ်လာပါလိမ့်မယ်… တကယ့်လက်တွေ့ မရမ်းချောင်မှာ အဲဒီပုံတွေထဲကလောက်အထိ မြင်ရစရာမရှိပါဘူး)

Views: 258

Comment

You need to be a member of သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေး ပရဟိတအသင်း to add comments!

Join သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေး ပရဟိတအသင်း

Comment by winni on June 22, 2010 at 11:01pm
Dr နတ်ေ၇ပြင်ဆင်မူမရှိပဲနဲ့ပြောခဲ့တဲ့ရင်တွင်းစကားတွေကအရမ်းကောင်းပါတယ်။
စိတ်တူကိုယ်တူသူငယ်ချင်းတွေအားလုံး၇ွက်လွင့်ခဲ့ကြတယ်နော်။နေလည်းကံကောင်းစွာနဲ့
သာခဲ့တယ်နော်။
Comment by ခိုင်ခိုင် on June 19, 2010 at 7:22pm
ခိုင်က အရုပ်ပြောလို့ သည်ဆိုဒ်လေးကို သိရတာပါ ခု သည်ပို့စ်လေးကို ဖတ်ပြီး ခံစားရတယ်တကယ်ပါ.. 20 ရက်နေ့ကို ဆုံကြတာပေါ့ သူငယ်ချင်းတို့ရေ....
Comment by လမင်းလေး on June 19, 2010 at 9:32am
ဒီပရဟိတ အဖွဲ့လေးကိုဝင်ထားတာကြာပေမယ့် ဘာတစ်ခုမှ မလုပ်ဆောင်နိုင်သေးပါဘူး အခုတော့ ဒီခရီးစဉ်လေးကို ရွေးလိုက်ပါတယ် ဒီပရဟိတ အဖွဲ့ထဲကိုဝင်ကတည်းက ကိုယ်ရောစိတ်ရော လုပ်ဆောင်နိုင်မယ်လို့ယူဆလို့ ၀င်ဖြစ်တာ ဖြစ်ပါတယ် 20 ရက်နေ့မှာ သမားတော်ဆေးခန်းရှေ့မှာ သူငယ်ချင်းတွေနဲ့ဆုံပါမယ် တစ်ခါမှ မလိုက်ဖူးတဲ့အတွက် ကားရပ်တာမသိလို့ ကျန်ခဲ့မှာစိုးပါတယ် အော်ခေါ်ပေးနော်compassion ကို
Comment by ကိုရီး{ကိုကြီး} on June 17, 2010 at 6:28pm
Dr နတ်
အရေးအသားတွေ လက်(ကလောင်စွမ်းထက်) လာတာကို သတိပြုမိပါတယ်
ရေးသင့် ရေးထိုက် သိသင့် သိထိုက်တဲ့ အသိပေး ရင်တွင်းစကားတွေ ဖြစ်နေတာမို့
ကျနော်က စပြီး လက်တစ်ဖက် ကမ်းလိုက်ပါတယ်ဗျာ။

လေးစားစွာဖြင့်
ကိုရီး{ကိုကြီး}
Comment by ရွှေရုပ်လွှာ on June 17, 2010 at 5:32pm
Mycobacterium Leprae killed their happy lives :(
Comment by ကိုနေမျိုး on June 17, 2010 at 3:35pm
ကျနော်လည်း ဖြစ်အောင် လိုက်ပါမယ် ခင်ဗျာ။ စီစဉ်သူအားလုံးရော တကယ် စိတ်ထားမွန်မြတ်ကြတဲ့ အဖွဲ့ဝင်အားလုံးကိုရော ကျေးဇူးတင် ဂုဏ်ပြုလိုက်ပါတယ်။
Comment by snow on June 15, 2010 at 11:39am
အရေးအသားကထိမိပါတယ်
တကယ်ကိုတော်ပါတယ်ဒေါက်နတ်ရေ
လိုက်ဖြစ်အောင်လိုက်ခဲ့ပါ့မယ်.....
Comment by Ivan@Thaw Zin on June 14, 2010 at 12:10pm
leprosy တွေနဲ့ပက်သက်ပြီး သိသင့်တာလေးတွေကိုဖေါ်ပြပေးလို့ ဒီpostလေးကိုရေးတဲ့ Dr Nat ကိုကျေးဇူတင်ပါတယ် ခင်ဗျာ..
HE ပေးတဲ့နေရာမှာ Dr.နတ် ကတော်တယ်နော်
Comment by နီမိုလေးးး on June 12, 2010 at 10:28pm
နီမိုလေးလဲလိုက်မယ်.............
စိတ်ဆိုတာထားတက်ရင်မြတ်ပါတယ်.....
ကူးဆက်လဲဂရုမစိုက်ဝူးး........လိုနေတာမေတ္တာ ... လူသားချင်းစာနာစိတ်နဲ့တင်မျှဝေသင့်ပါတယ်
သူတို့ပျော်ရွှင်မှာပါ..............:)
Comment by မေဇွန် (May June) on June 12, 2010 at 10:10pm
လိုက်ပီးသားပဲ.... :P
ကူးကူးမကူးကူး ဂရုမစိုက်ဘူး..ဟုတ်..
ကောင်းတာလုပ်တဲ့သူက ဘယ်မှ ဒုက္ခမရောက်ဘူး.. အရမ်းမှန်တယ်...
ကိုယ့်မျက်လုံး ကိုယ့်အပြုံး..ကိုယ့်လက် .ကိုယ့်ခြေ.အားလုံးသူတို့အတွက်နွေးစေရမယ်ဆိုတဲ့.. စေတနာသန့်သန့်နဲ့လိုက်ခဲ့မှာပါ..

အသိပေးပါရစေ

Save the Aged မှ ရာသက်ပန် စောင့်ရှောက်ထောက်ပံ့မှု
ပေးနေသော အဖိုးအဖွားများ စာရင်း

STA – 001 အဖိုးဦးသိန်း(ကွယ်လွန် - 25.4.2011)
-(၁၄)၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်လက်ျလမ်း၊ ဗဟန်း။

STA – 002 အဖွားဒေါ်နွဲ့နွဲ့စန်း
-(၁၄)၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်လက်ျလမ်း၊ ဗဟန်း။

STA – 003
အဖွားဒေါ်စန်းမြင့်
-တာမွေဆီစက်ဝန်း၊ ကျူးကျော် ရပ်ကွက်။ (ABC ရဲဝင်းအနီး)

STA – 004
အဖွားဒေါ်မြအေး
-ရွှေဘုန်းပွင့် ဘုရား ၊ စက်တော်ရာဆောင် ပုဇွန်တောင် ။

STA – 005
အဖိုးဦးကြည်ဝင်း
-တာမွေဆီစက်ဝန်း၊ ကျူးကျော် ရပ်ကွက်။ (ABC ရဲဝင်းအနီး)

STA – 006 အဖိုးဦးကျော်သိန်း(ကွယ်လွန် - 6.5.2011)
-စိုက်ပျိုးရေး(၁)လမ်း၊ စဉ့်ငူရပ်ကွက်၊ အောင်ဆန်းမြို့။

STA – 007
အဖွားဒေါ်စိန်လှ
-စိုက်ပျိုးရေး(၁)လမ်း၊ စဉ့်ငူရပ်ကွက်၊ အောင်ဆန်းမြို့။

STA – 008
အဖွားဒေါ်တင်နွဲ့
-အမှတ် 30၊ပညာတန်ဆောင်လမ်း၊
43 ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။


STA – 009 အဖွားဒေါ်ကြည်ခင်
-(ဆ-၃၀)၊ မယ်ဇီကုန်း၊ သံလမ်း၊ လှိုင်။

STA – 010
အဖွားဒေါ်ခင်ရွှေ
-နန္ဒ၀န်ဈေးရှေ့၊ ကြံ့ခိုင်ရေးရုံးအနီး၊ တောင်ဥက္ကလာ။

STA – 011 အဖိုးဦးဟန်မောင်@ ဦးသန်းမောင်
-(၃၇၅)၊ ရွှေဗဟိုလမ်း၊ မရမ်းကုန်း။

STA – 012
အဖွားဒေါ်စန်းရီ @ ဒေါ်ကုလားမ(ကွယ်လွန် - 10.12.2011)
-(၃၇၅)၊ ရွှေဗဟိုလမ်း၊ မရမ်းကုန်း။

STA – 013
အဖိုးဦးပြုံးချို (ကွယ်လွန် - 20.1.2013)
-အမှတ်(၈)ရပ်ကွက် ၊ (မင်းရဲကျော်စွာလမ်းထိပ်)
အောင်မေတ္တာဘိုးဘွားဓမ္မရိပ်သာ
ရွှေပြည်သာမြို့နယ် ။

STA – 014 အဖွားဒေါ်တင်လှ(ကွယ်လွန် - 3.1.2012)
-အမှတ်(၈)ရပ်ကွက် ၊ (မင်းရဲကျော်စွာလမ်းထိပ်)
အောင်မေတ္တာဘိုးဘွားဓမ္မရိပ်သာ
ရွှေပြည်သာမြို့နယ် ။

STA – 015 အဖိုးဦးအောင်သိန်း (ကွယ်လွန် - 18.2.2013)
-(၄၁၉)၊ ၂၄လမ်း၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာ။

STA – 016 အဖွားဒေါ်တင်အေး
-(၄၁၉)၊ ၂၄လမ်း၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာ။

STA – 017 အဖွားဒေါ်တင်စိန် @ မပုစိန်
-(၉၈၅)အိမ်ဘေး၊ အင်းဝလမ်း၊ တောင်ဥက္ကလာ။

STA – 018 အဖိုးဦးအေးမောင်
-သဘာဝတရားရိပ်သာ၊ သန်လျင်။

STA – 019 အဖွားဒေါ်တင်တင်
-(၇၈)၊ ဗိုလ်ကြာညွန့်လမ်း၊ မြောက်ဒဂုံ။

STA – 020 အဖွား ဒေါ်တင်တင်လှ (ထောက်ပံ့မှုရပ်ဆဲ)

STA – 021
အဖွား ဒေါ်လုသာ
- အမှတ် (၈၉၄) ၊ ရန်ပြေ( ၃ ) လမ်း၊ ရန်ပြေ ၂ ရပ်ကွက် (တောင်) ၊ သာကေတမြို့နယ်

STA – 022 အဖွား ဒေါ်ကြင်အုန်း
-အမှတ်(၅၅၉)၊မင်းစေတီလမ်း၊
အင်းစိန် ရွာမ ။

STA – 023 အဖွား ဒေါ်သန်းတင်
- အခန်း ( ၂ ) ၊ အမှတ် - ၂၇ ၊ ၄၃ ရပ်ကွက် ၊ မဟာမြိုင် ၊ ဦးဝိစာရလမ်း ၊ မြောက်ဒဂုံ ။

STA – 024 အဖွား ဒေါ်ချယ်ရီ (ထောက်ပံ့မှုရပ်ဆဲ)

STA – 025 အဖိုး ဦးအောင်စန်း
- အမှတ်(၈၉၁) ၊ ၀ံသရက္ခိတလမ်း၊(၈)ရပ်ကွက်၊
မရမ်းကုန်းမြို့ နယ် ။

STA – 026 အဖွား ဒေါ်အေးအေး
- အမှတ်(၈၉၁) ၊ ၀ံသရက္ခိတလမ်း၊(၈)ရပ်ကွက်၊
မရမ်းကုန်းမြို့ နယ် ။

STA – 027
အဖွား ဒေါ်ကျင်ရုံ (ကွယ်လွန် - 25.2.2013)
- အိမ်အမှတ် ( မရှိ ) သမ၀ါယမအရောင်းဆိုင် အနောက်ဖက် ၊ ဂန္ဓမာလမ်း၊ (၁၄)ရပ်ကွက်၊
တောင်ဥက္ကလာပမြို့ နယ် ။

STA – 028 အဖွား ဒေါ်ခင်ညွန့်
- အိမ်အမှတ်( မရှိ ) ၊ သုမာလာ(၁၂)လမ်းနှင့် (၁၃)လမ်းကြား ၊ မြောက်ဥက္ကလာပမြို့နယ် ။

STA – 029
အဖွား ဒေါ်တင်အေး
- မိုးကုပ်ဝိပဿနာ
ကျောင်းတိုက် ။

STA – 030
အဖိုး ဦးတင်ရွှေ
-အမှတ် 30၊ပညာတန်ဆောင်လမ်း၊
43 ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။


STA – 031
အဖွား ဒေါ်သွယ်
-အမှတ် 30၊ပညာတန်ဆောင်လမ်း၊
43 ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

STA – 032
အဖွား ဒေါ်စန်း
- အိမ်အမှတ် (မရှိ) ၊ စိန်ပန်းလမ်း ၊ သံဒင်းရပ်ကွက်၊
ရွှေပြည်သာမြို့နယ်၊

STA – 033
ဘုန်းဘုန်း ဦးပဒုမ
- ပရိယတ္တိမင်းကျောင်းတိုက် ၊ ကြီးပွားရေးရပ်ကွက် ၊ စံပြဈေးအနီး ၊ သင်္ကန်းကျွန်းမြို့နယ် ။

STA – 034
အဖွား ဒေါ်ပု
- အိမ်အမှတ်မရှိ ၊
ရွှေခေါင်းလောင်း မူကြိုနှင့် မျက်နှာချင်းဆိုင်၊
၈ လမ်း၊ (၁၆) ရပ်ကွက်၊ လှိုင်မြို့နယ်။


STA – 035
အဖိုး ဦးလှမြင့် (ကွယ်လွန် - 8.2.2013)
- အိမ်အမှတ် (မရှိ) ၊
ဘုရားလေးဘေး၊ (၅)ရပ်ကွက်၊
လှိုင်မြို့နယ်။


STA – 036
အဖွား ဒေါ်စောရွှေမြ
(ထောက်ပံ့မှုရပ်ဆဲ)
STA – 037
အဖွား ဒေါ်မြ
- သဘာဝရိပ်သာ ။

STA – 038
အဖွား ဒေါ်မြရီ
-အမှတ် 30၊ပညာတန်ဆောင်လမ်း၊43 ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

STA – 039
အဖွား ဒေါ်တင်မြင့်(ခ)ဒေါ်အေးမြင့်
- ဇ၀နမှတ်တိုင်အနီး (စက်မှု ၁ ၀န်း) ၊ သင်္ကန်းကျွန်းမြို့နယ် ။

STA – 040
အဖွား ဒေါ်စောလွင်
- အမှတ် ( ) ၊ ၂၉ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

STA – 041
အဖွား ဒေါ်သန်းရီ
- အ.မ.က (၂၂) ၊ သခင်ဖိုးလှကြီးလမ်း ၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

STA – 042
အဖွား ဒေါ်ယုံကြည်
- အမှတ် ၄/၁၆ ၊ အောင်မင်္ဂလာ (၃) လမ်း၊ (၄) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

STA – 043
အဖိုး ဦးခိုင်သန်း
- အမှတ် ၄/၁၆ ၊ အောင်မင်္ဂလာ (၃) လမ်း၊ (၄) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။

STA – 044
အဖိုး ဦးစိုး
- အမှတ် (၁၄၃) ၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်းထောင့် ၊ UFL နေအိမ်ဝင်း ။


STA – 045
အဖိုး ဦးအောင်နိုင်
- သန်လျင်မြို့နယ်
( သဘာဝတရားရိပ်သာ ) ။

STA – 046
အဖွား ဒေါ်မြင့်
- အင်းစိန် ကျောင်းဂိတ်မှတ်တိုင်အနီး ၊အ.ထ.ထ(၃) ကျောင်းဘေးလမ်း၊
ဦးချက်ကြီး ခြံဝင်း ။


STA – 047
အဖွား ဒေါ်ခင်
- အင်းစိန်ဘူတာရုံအနီး
( ချမ်းမြေ့လက်ဖက်ရည်ဆိုင်/ အများသုံးသန့်စင်ခန်းကောင်တာတွင် မေးမြန်းနိုင် ။


STA – 048
အဖွား ဒေါ်အုန်းသန်း
- ဇောတိက (၂)လမ်း ၊ သင်္ကန်းကျွန်းကြီးကျေးရွာ ၊ ပုလဲမြို့သစ် ၊ မင်္ဂလာဒုံမြို့နယ်။


Save The Aged လူငယ်များ၏
စောင့်ရှောက်ထောက်ပံ့မှုကို ခံယူနေရသော ဘိုးဘွားများ ဖြစ်ပါသည်။ ဘိုးဘွားများ ငတ်မွတ်နေတဲ့သားသမီး၊
မြေးတို့ရဲ့ မေတ္တာ၊အကြင်နာကို
လမ်းကြုံ၍ ဖြစ်စေ၊ အလျဉ်းသင့်၍ ဖြစ်စေ သွားရောက် ဝေမျှ
ပေးနိုင်စေဖို့ရာ
ဖေါ်ပြလိုက်ရပါသည်။
Save The Aged (YGN)


မြသွေးနီနှင့် (၁)

 

thanda.pauline နှင့် (၂)

 

9POPCO®N နှင့် (၃)

 

Dr.သော်ဇင်နှင့် (၄)

 

မိုးညချမ်းနှင့် (၅)


ကိုရီး {ကိုကြီး} နှင့် (၆)

 

စည်သူထွန်း@နိုင်စစ်သွေး နှင့် (၇)

 

ဖြူစင်သူ နှင့် (၈)

 

လင်းခိုင် နှင့် (၉)

 

ရဲနိုင်ဝင်း နှင့် (၁၀)

 

နွေးနွေး နှင့် (၁၁)

 

ဖိုးသောကြာ နှင့် (၁၂)

 

စနိုးသူ နှင့် (၁၃)

 

ဇလပ်ဖြူ နှင့် (၁၄)

 

သံသာ+ခရေ နှင့် (၁၅)

 

သဒ္ဓါလှိုင်း နှင့် (၁၆)

 

ဝဏ္ဏစိုးနဲ့ (၁၇)

 

နွယ်ပင် ( ခေါ် ) ဆိုးလ်ကိုကိုနှင့် ( ၁၈ )

 

မိုးစွတ်နေနှင့် ( ၁၉)

 

မမလှလှ နှင့် (၂၀)


ကိုကိုကျော်သူနှင့် ( ၂၁ )

 

ကိုသက်မင်းဦးနှင့် (၂၂)

 




Save The Aged (၁)နှစ်ပြည့်စာမူပြိုင်ပွဲ

Save The Aged (၂)နှစ်ပြည့်စာမူပြိုင်ပွဲ

Save The Aged (၃)နှစ်ပြည့်စာမူပြိုင်ပွဲ

☂ ရင်းနှီး၊ယဉ်ကျေးပါ ☂

 

© 2014   Created by savetheaged.

Badges  |  Report an Issue  |  Terms of Service